Friday, March 6, 2020

အပင်ကန်တစ်ကန် ဆင်ပြီဆိုရင် ဘာတွေလိုအပ်တယ်

အပင်ကန်maintenceပြုလုပ်ရန်အတွက်အချိန်ပေးနိုင်မှု (PABG Facebook Page မှ ပြန်လည်ကူးယူဖော်ပြသည်)



အပင်ကန်တစ်ကန် ဆင်ပြီဆိုရင် ဘာတွေလိုအပ်တယ် ဘယ်လိုတွေ လုပ်ဆောင်ရတယ်ဆိုတာ groupတွေ page တွေထဲက သိသင့်တယ်ထင်တဲ့ post တွေကို PABG page ထဲမှာ ပြန်လည်စုဆောင်းပြီး တင်ပေးထားပြီးသားပါ။ဒီထဲမှာ မပါသေး ဘူးလို့ထင်တဲ့ အကြောင်းအရာတစ်ခုကို တင်ပြပေးချင်ပါတယ်။Beginner တွေအတွက် ရည်ရွယ်တာဖြစ်လို့ မိမိ သိထားသလောက်လေးသာ ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်။အမှားပါခဲ့ရင် ထောက်ပြ ပြင်ဆင်ပေးခြင်းဖြင့် advance level မှာရှိတဲ့ ဝါသနာရှင် များအနေနဲ့ ကူညီ အားဖြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်။

ကျွန်တော်ပြောပြချင်တဲ့ အရာက အပင်ကန်တစ်ကန်ပြုလုပ်ပိုင်ဆိုင်ထားသူbeginner level ဝါသနာရှင် တွေနဲ့ သက်ဆိုင်သလို အပင်ကန်ကို ဝါသနာအရ ပြုလုပ်ချင်လို့ လေ့လာနေတဲ့ ဝါသနာရှင်တွေလဲသိထားသင့်တယ်လို့ထင်ပါတယ်။

ဟုတ်ကဲ့....အပင်ကန်လေးပိုင်ဆိုင်ထားပြီဆိုရင် အပင်ကန်လေးကို ဂရုစိုက် ပြုပြင်မှု မလွဲမသွေ လိုအပ်တယ် ဆိုတဲ့ အကြောင်းလေးပါ။
ကန်အတွက် အချိန်ပေးနိုင်မှုက သင့်ရဲ့ အပင်ကန်လေးထဲက အပင်လေးတွေ မွေးမြူထားတဲ့ သတ္တဝါလေးတွေ သန်စွမ်းကျန်းမာမှုနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။ကန်ကို ဂရုမစိုက်မိဘူးဆိုရင် အပင်ကန်ဝါသနာရှင်တွေ မလိုလားဆုံးအရာဖြစ်တဲ့ algae မျိုးစုံက ဖိတ်ခေါ်မထားဘဲ ဝင်ရောက် နေရာယူတတ်ကြပါတယ်။
ဒီနေရာမှာ algae တက်ရုံနဲ့ ကန်ပျက်ပြီလို့ မဆိုလိုပါဘူး။algae တွေ လွန်ကဲစွာ ထူထပ်နေပြီဆိုရင်တော့ ကန်ပျက်ကြီးတစ်ကန်လို အလှပျက်မှာ အသေအခြာပါ။ကန်ကို ဂရုစိုက်တယ်ဆိုတာ ရေလဲရုံတင်မဟုတ်ဖဲ ကန်ထဲမှာ မလိုလားအပ်တဲ့ အရွက်ဆွေးတွေ ညှပ်ထုတ်ခြင်း၊အပင် တွေကို လှပသန်စွမ်းအောင် ညှပ်ပေးခြင်း၊ကန်မှာ တပ်ဆင်ထားတဲ့ filter/diffuser/Co2 indicator စသည်တို့ကို တိုက်ချွတ် ဆေးကြော သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊အပင်များအတွက် အဆထာက်အကူပြုအဟာရ အားဆေး fertiliser ပေးခြင်း စသည်တို့ကို ဆိုလိုပါတယ်။
filter ဂျီးပိတ်ပြီး water flow rate ကျခြင်းကြောင့် dead space ဖြစ်တဲ့ နေရာတွေကနေ algae စတင်ဖြစ်ပေါ်နိုင်တယ်ဆိုတာကို လဲ မှတ်သားထားဖူးတာလေးကို ပြန်လည်ဝေမျှ လိုက်ပါတယ်။ရေ လဲ လှယ်တဲ့နေရာမှာ များသောအားဖြင့် တစ်ပတ်တစ်ခါ 30% လဲလှယ် ပေးတတ်ကြပါတယ်။ရေစုပ်ထုတ်တဲ့အခါမှာ ကန်ထဲမှာ အနည်ထိုင်နေတဲ့ အညစ်အကြေးတွေကို တတ်နိုင်သလောက် ပါသွားအောင် သတိထားပြီး စုပ်ထုတ်ပေးခြင်းကို ပြုလုပ်သင့်ပါတယ်။

အဓိကပြောချင်တာကတော့
အပင်ကန်တစ်ကန် ပိုင်ဆိုင်ထားပြီဆိုရင် ကန်အတွက် လိုအပ်တဲ့ အချိန်တစ်ချို့ မဖြစ်မနေ ဖဲ့ပေးရတယ် ဆိုတာပါ။
အချိန်မပေးနိုင်ရင် လှပတဲ့အပင်ကန်လေး ပိုင်ဆိုင်ဖို့ အိပ်မက်ဟာလဲ အလှမ်းဝေးနေဦးမှာပါ။ဒါကြောင့် အပင်ကန်ပြုလုပ်မယ်ဆိုရင် ကန်အတွက် တစ်ပတ်တစ်ခါလောက် သီးသန့် အချိန်လေး ပေးနိုင်မှ ပြုလုပ်စေချင်ပါတယ်။ဒါက ကန်ကို ရေရှည်ထိန်းသိမ်း(maintence) ပြုလုပ်ခြင်းအတွက်ပါ။
အခုမှ ကန်သစ်တစ်ကန် စလုပ်မယ်ဆိုရင်တော့ အစပိုင်းကာလတွေမှာ တစ်ပါတ်တစ်ခါအချိန်ပေးရုံနဲ့ မရနိုင်ပါဘူးခင်ဗျာ။
ဒီ့အတွက်လဲ PABG page မှာဘဲ ဝေမျှထားတဲ့ post လေးရှိပါတယ်။
https://m.facebook.com/story.php?story_fbid=213526109127978&substory_index=0&id=212859985861257

ပုံတွေကတော့ နှစ်လလောက်ရေမလဲဘဲ ပြစ်ထားတဲ့အတွက် ကျွန်တော့်ကန်ထဲကို မဖိတ်ခေါ်ဘဲ ရောက်လာကြတဲ့ algae တွေပါခင်ဗျာ။
ရေမလဲဖြစ်ပေမယ့် fertiliser ပုံမှန်ထည့်ဖြစ်ပါတယ်။ဒါကြောင့်လဲ algae တွေ ရောက်လာတယ်လို့ထင်ပါတယ်😁

အပင်ကန်လှလှလေးများ ပြုလုပ်ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ😊
Credit:
PABG

No comments:

Post a Comment

Heteranthera Zosterifolia

 Heteranthera Zosterifolia Type                 :         Stem,(Middle,Background) Growth Rate     :        Medium  Height               :  ...