Friday, February 28, 2020

Algae အကြောင်း လေ့လာကြည့်မယ်

Algae အကြောင်း လေ့လာကြည့်မယ်

အပင်ကန်လုပ်ပြီဆိုတာနဲ့ တစ်ပြိုင်နက် မလွဲမသွေ ကြုံတွေ့ရမှာကတော့ Algae လို့ခေါ်တဲ့ ရေညှိ တတ်တဲ့ ပြသာနာပါပဲ

    ပထမဦးဆုံး ကြုံရနိုင်ခြေရှိတာကတော့ Brown Algae ပါပဲ

    အဲ့လို ရေညှိ အမျိုးအစားကတော့ ကန်အသစ်ဆင်တဲ့ သူတွေ အများဆုံး ကြုံတွေ့ရလေ့ ရှိပါတယ်

     Brown Algae မှ မဟုတ်ပါဘူး တခြား Algae တွေလဲ မတတ်အောင် အပင်ကန်လေးလဲ ကျန်မာသန်စွမ်းနေအောင် လက်လှမ်းမှီသလောက် Tip & trick လေးတွေ ဝေမျှပေးပါတယ်

# ပုံမှန် ရေလဲပေး
# ကန်အောက်ခြေ gravel မှာ ရှိတဲ့ အမှုန်တွေ နဲ့ အပင်ပေါ်က အမှုန်တွေကို ရေလဲတဲ့အချိန် တတ်နိုင်သလောက် စုပ်ထုပ် ၊ အရွက်ကြွေတွေ အရိတွေ ဖယ်ထုတ်
# အပင်များများစိုက်ထား
# ကိုယ့်ကန်ထဲမှာ ရှိတဲ့ ရေကို ကောင်းကောင်းလှည့်ပေးနိုင်တဲ့ Canister Filter တပ်ထား
# Lighting ကို မများအောင် ထိန်း
# မီးမပေးခင် CO2 indicator စိမ်းနေအောင် CO2 ကို ကြိုဖွင့်ထားပြီးမှ မီးဖွင့်
# ကန်သစ်တွေမှာ မီးပေးချိန် ၆ နာရီကို မီးမပိတ်ခင် ၁ နာရီလောက် စောပြီး CO2 ကိုပိတ်
# နေ့ခင်းမှာ ရေမျက်နှာပြင် သိပ်မလှုပ်အောင် Filter outlet ကိုချိန်ထားသင့်ပြီး ညပိုင်း အပင်က Oxygen ကို ရှုပြီး CO2 ပြန်ထုတ်တဲ့အချိန်မှာ ကန်ထဲကို လုံလောက်တဲ့ Oxygen ရစေဖို့ ရေမျက်နှာပြင် လှုပ်နေအောင် Filter outlet ကို အနေအထား ပြောင်းပေးသင့်ပါတယ်

  ကန်သစ် စလုပ်တဲ့အချိန်မှာ ကြိုစဉ်းစားသင့်တာတွေက တကယ်တမ်းတော့ အများကြီးပါ

   ပထမဆုံး သိသင့်တာကတော့ ကိုယ့် အရပ်ဒေသမှာ ရှိတဲ့ ကန်ထဲ ထည့်မဲ့ရေက dkh ဘယ်လောက် ၊ PH ဘယ်လောက် သိဖို့လိုပါတယ်  ဒါကိုသိမှ ကိုယ့်ရေနဲ့ လိုက်ဖက်မဲ့ အပင်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်
   Soft Water ကိုကြိုက်တဲ့ အပင်တွေက PH အမြင့် Hard Water မှာ မရှင်ဘူးလို့တော့ မဟုတ်ပါဘူး ရှင်နေလဲ ညှိုးနွမ်း ပြီးတော့ အပင်ရဲ့ သဘာဝအလှကို မြင်ရမှာ မဟုတ်ပါဘူး ဂီလာန အပင်တွေကိုပဲ မြင်တွေ့ရမှာပါ

   ကိုယ့်ရှိတဲ့ ရေက PH အမြင့် Hard water ဆိုပေမဲ့ Soft water မှာပဲ ရှင်တဲ့ အပင်တွေ စိုက်ချင်သပ ဆိုရင် RO သုံးပြီးပဲ ဖြစ်ဖြစ် ၊ ရေသန့်ရောပြီးပဲ ဖြစ်ဖြစ် စိုက်လို့ ရပါတယ် ဒီနေရာမှာ CO2 နဲ့ PH ချတဲ့အခါ KH ရဲ့ အရေးပါပုံကို သိဖို့လိုသလို ၊ PH အလျှင်အမြန်ပြောင်းလဲမှု PH swing အကြောင်းနဲ့ GH ဘာလဲ ၊ PH , KH , GH , CO2 တွေက တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတဲ့အတွက် ကိုယ့်ကန်ရဲ့ Water Parameter ကို ကိုယ်လိုချင်တဲ့ အနေအထားမှာ Stable ဖြစ်နေအောင် ပြုပြင်ထိန်းသိမ်းတတ်ရပါမယ်  အဓိကကတော့ ကိုယ့်ရေ အခြေအနေ ကိုယ်သိဖို့ပါ
    CO2 ပေးတယ် ဆိုတာ အပင်တွေ စားသုံးဖို့ အတွက်တင်မကပဲ Water Parameter ကို ထိန်းတဲ့နေရာမှာလဲ သုံးပါတယ်

    ရေအပိုင်းပြီးရင် ကန်ရဲ့ အနောက်ပိုင်းမှာ စိုက်ရမဲ့ Background  အပင်အမျိုးအစား ၊ အလယ်မှာ စိုက်ရမဲ့ Midground ၊ ရှေ့မှာ စိုက်ရမဲ့ Carpet စသည်ဖြင့် မှန်ကန်အောင် ရွေးတတ်ရပါမယ် ဒီနေရာမှာ တစ်ခါထဲ ထည့်သွင်းစဉ်းစားရမှာက Lighting အပိုင်းပါ အပင်တွေမှာ အလင်းကို အရမိးကြိုက်တဲ့ High Light အပင်ရှိသလို အလင်းသိပ်မကြိုက်တဲ့ Low Light အပင်တွေ ရှိပါတယ် အဲ့လို အပင်အမျိုးအစား နှစ်မျိုးကို  အတူရွေးချယ်မိရင် နောက်ပိုင်းမှာ Lighting ကြောင့် တတ်တဲ့ Algae ပြသာနာတွေကို ဖိတ်ခေါ်နေသလိုဖြစ်နေတတ်ပါတယ်

  နောက်တစ်ခုက အောက်ခံမြေ Soil အမျိုးအစား ကို Quality ရှိတာ သုံးပေးဖို့ အရေးကြီးပါတယ် ကန်ရဲ့ Nutrient အတွက်သာမကပဲ Soil PH ကိုပါ ထိန်းညှိပေးတဲ့အတွက် Soil အမျိုးအစားကောင်း သုံးခြင်းက ကန် stable ဖြစ်ဖို့ရာအတွက် တစ်ဖက်တလမိးက အများကြီး အထောက်အကူပြုနေပါတယ်

  နောက်တစ်ခုကတော့ တကယ့် အရေးအကြီးဆုံး Nitrogen Cycle ပါပဲ အတိုချုပ်ပြောရရင် ကန်ထဲမှာ ရှိတဲ့ အမိုးနီးယား ကို ဘက်တီးရီးယား တစ်မျိုးက နိုက်ထရိုက် အဖြစ်ပြောင်းပေးပါတယ် အဲ့ဒီ့ နိုက်ထရိုက် ကို ဘက်တီးရီးယား နောက်တစ်မျိုးကနေ နိုက်ထရိတ် အဖြစ် ပြောင်းပေးပါတယ် ကန်ထဲမှာ လုံးဝ  နီးပါး လျှော့ချရမှာက အမိုးနီးယား နဲ့ နိုက်ထရိုက်ပါ
   နောက်ဆုံးအဆင့် နိုက်ထရိတ်က အပင်တွေက စားသုံးသလို ၊ ကန်ရေကို ပုံမှန် လဲပေးနေရင်လဲ နိုက်ထရိတ် ပမာဏက လျော့ကျသွားပါတယ်
   အဲ့လို အမိုးနီးယား ကနေ နိုက်ထရိုက် ၊ နိုက်ထရိုက်ကနေ နိုက်ထရိတ် အဲ့လို ပြောင်းနေအောင် လုပ်ဆောင် ပေးနေတာက ဘက်တီးရီးယား တွေက လုပ်ဆောင်ပေးနေတာပါ   

   အဲ့ဒီ့ ဘက်တီးရီးယား လေးတွေ ကိုယ့်ကန်ထဲမှာ ရှင်သန်နေအောင် Canister Filter ထဲမှာ ထည့်ထားတဲ့ Filter Midea တွေက ဘက်တီးရီးယား လေးတွေ ခိုအောင်းနေနိုင်အောင် လုပ်ဆောင်ပေးပါတယ် မြန်မြန် cycle လည်ချင်ရင် ရေထဲကို  ဘက်တီးရီးယား ဆေးရည် လေးတွေ ထည့်ပေးလို့လဲ ရပါတယ်

No comments:

Post a Comment

Heteranthera Zosterifolia

 Heteranthera Zosterifolia Type                 :         Stem,(Middle,Background) Growth Rate     :        Medium  Height               :  ...