Wednesday, February 26, 2020

Low Tech Planted Tank ပြုလုပ်နည်း (Beginner Guide)


 အပင်ကန်ကို ပထမဆုံးအကြိမ်လုပ်မဲ့သူအနေနဲ့တော့ စိုးရိမ်မှုတွေပြည့်နေမှာပါပဲ။ ဒီစာမှာတော့ online ပေါ်က information အစုံထဲကမှ သိဖို့လိုအပ်မယ့်ဟာလေးတွေ တစ်စုတစ်ဝေးထဲ တစ်နေရာထဲမှာ ဖော်ပြပေးမှာပါ။ ဒါဆို သိပ်ပြီးစိုးရိမ်စရာတွေ မရှိတော့ဘူးပေါ့ဗျာ။ အခုဆို အပင်ကန် နဲ့ ပက်သက်တဲ့ စာအုပ်ကောင်းတွေ အများကြီးရှိပေမယ့်လည်း လူတော်တော်များများက စာသေချာမဖတ်ပဲ အပင်ကန်စလုပ်တဲ့ သူတွေများလာတာတွေ့ရပါတယ်။ ဒါကြောင့်လည်း  ဒီစာလေး စရေးဖို့ ဖြစ်လာတာပါ။
                        ကျွန်တော်လည်း အပင်ကန်စလုပ်ခဲ့တာ သိပ်မကြာသေးပါဘူး။ လအတော်ကြာ အင်တာနက်ပေါ်က forumsတွေ၊ စာအုပ်တွေနဲ့ တခြားသတင်းအရင်းအမြစ်တွေဖတ်ပြီးလေ့လာခဲ့ ပါတယ်။ ဒီစာရေးဖြစ်တဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော် သိမှတ်ထားသမျှတွေကို မှတ်တမ်းတင် ထားချင်တာရယ်၊ အပင်ကန်စလုပ်မယ့်သူတွေကို အထောက်အကူဖြစ်စေချင်တာရယ် ကြောင့်ပါ။ ဒီစာမှတ် တမ်းထဲမှာ အပင်ကန်စလုပ်မယ့်လူတွေ မဖြစ်မနေ သိဖို့လိုအပ်မယ့် အကြောင်းအရာတွေကို ရှင်းပြပေး သွားမှာဖြစ်ပြီး၊ Low Tech Planted ကန်စဆင်ဖို့အတွက် အဆင့်လိုက် နည်းလမ်းကို လည်း ပြောပြသွားမှာ ဖြစ်ပါတယ်။


    Introduction
        Low Tech Planted Tanks ၏ အားသာချက်များ
        Low Tech Planted Tanks ၏ အားနည်းချက်များ
    အပင်ကန်တစ်ကန်အတွက် အခြေခံ သိပ္ပံ
    သတိထားရမည့် အချက်များ
    How to Setup a Non CO2, Low Tech, Planted Tank: A Guide
        Substrate: Choosing the correct substrate for your planted aquarium
        Lighting: Appropriate lighting for low tech tanks
        Planting: How to plant your tank during initial setup
        Filter: Choosing a good filter for good circulation
        Fish: When to introduce them in your tank
        Dosing Fertilizers: Weekly dosing regiment to keep your plants healthy
        Maintenance: Things to do periodically to maintain your tank
    Acknowledgments
    Comments and Questions



၁။ Introduction

                        Low tech tank ဆိုတာ Co2 ထည့်စရာမလိုပဲ၊ Co2 အတွက် သုံးရမယ့် ပစ္စည်းတွေနဲ့ ကထိကထမများစေမယ့် အပင်ကန်ပါပဲ။ Low tech tank ဟာ Hi-tech tank တွေထက် Lighting level လျော့ပေးရပြီး Co2 ပေးရတဲ့ Hi-tech တွေထက် အပင်ကြီးထွားနှုန်းဟာ ၅ဆမှ ၁ဝဆ အထိ နှေးပါတယ်။ Low tech လား၊ Hi-techလားဆိုပြီး မစခင်ရွေးချယ်ရမှာတော့ သင်ရဲ့ ငွေကြေး၊ အချိန် ပေး/စောင့်နိုင်မှုနဲ့ နေရာဒေသအပေါ်မှာပဲ မူတည်ပါတယ်။
                        အခု Low tech tank ဆင်ရန်လုပ်ဆောင်ရမယ့် အဆင့်လိုက်ကို High tech tank များနဲ့ နှိုင်းယှဉ်ဖော်ပြသွားပါမယ်။
၁.၁ Low tech planted tanks ၏ အားသာချက်များ
၁။ph, dh တွေခဏခဏ စမ်းစရာမလိုဘူး၊ ရေလှယ်စရာမလိုဘူး၊ (ဆိုလိုတာကတော့ မိမိအပင်ကန်ကို ၁ပါတ်၊၂ပါတ်လောက် အခြေအနေကြည့်ပြီး ပစ်ထားလို့ရပါတယ်)
၂။အပင်ကြီးထွားနှုန်းနှေးတဲ့အတွက်ကြောင့် အပင်ညှပ်ရမယ့်အကြိမ် (trimming frequency) နည်းလာတယ်။
၃။Fertilizer ကိုလည်း တစ်ခါတစ်ရံမှသာ အနည်းငယ်ထည့်ပေးရတယ်။
၄။Co2 အလွန်အကျွံပေးမိခြင်းကြောင့် ငါးများအသက်ရှုမွန်းပြီး နာမကျန်းဖြစ်ခြင်း မှကင်းပါတယ်။
၅။Nutrients၊ ammonia များ လွန်စွာများလာခြင်းနှင့် အပင်အသေများ၊ အစာအပို အလျှံကျွေးမိ ခြင်းကြောင့် ဖြစ်တတ်သော algae ပွားများမှုနှုန်းလည်း Hi-tech ထက်ပိုနည်းပါတယ်။ ဆိုလိုတာက ပြင်ဆင်ဖို့အချိန်ပိုရတယ်လို့ ပြောချင်တာပါ။


၁.၂ Low tech planted tanks ၏ အားနည်းချက်များ
၁။  အပင်ကြီးထွားမှုနှုန်း နှေးတဲ့အတွက်ကြောင့် တစ်ချို့ အပင်ကန်သမားတွေအတွက် ပျင်းဖို့ ကောင်းပြီး စိတ်မရှည်ချင်စရာကောင်းလှပါတယ်။ အကယ်၍ သင်ဟာ အပင်တွေ ခဏခဏညှပ် ပြီး နေရာခဏ ခဏ ပြန်ချရတာကြိုက်တယ်ဆိုရင် ဒီနည်းကို မရွေးချယ်ဖို့ တိုက်တွန်းပါတယ်။
၂။  ဒီနည်းဟာ တစ်ချို့သော high CO2 level အပင်များ ရှင်သန်ဖို့ခက်ခဲ့ပါတယ်။ ဒါပေမယ့် လှပပြီး majorဖြစ်တဲ့ အပင်တွေတော့ စိုက်ပျိုးလို့ရပါတယ်။ (ဥပမာ-High-Light အပင်တွေ Glossostigma (glosso) တို့၊ Hemianthus Callitrichoides (HC) တို့ဖြစ်ပါတယ်။)
                        အကယ်လို့ သင်ဟာ စိတ်ရှုပ်စရာနည်းတဲ့ ဒီနည်းကို ရွေးချယ်မယ်ဆိုရင်တော့ သင်ဟာ စိတ်ရှည်သည်းခံပြီး စိတ်ကူးထဲကလိုချင်တဲ့ အပင်ကန်ပုံစံရောက်ဖို့တော့ အချိန်စောင့်ပေးရပါလိမ့်မယ်။ ဒါမှမဟုတ်ပဲ Hi-tech လည်းမဟုတ် Low-tech လိုလည်းမကြာ CO2 ပေးစရာမလိုတဲ့ ကြားထဲက နည်းလမ်း တစ်ခုတော့ ရှိပါတယ်။ Low-tech excel based planted aquariums ပဲဖြစ်ပါတယ်။ နောင်ကျရင် ထပ်တင်ပေးပါ့မယ်။
 
၂။ အပင်ကန်တစ်ကန်၏ လက်တွေ့အသုံးချအခြေခံသိပ္ပံ

                        Low tech planted tank ထဲမှာ CO2 ချို့တဲ့ခြင်းဟာ Hi-tech tank တွေထက် အပင် ကြီးထွားနှုန်းနှေးကွေးခြင်း နဲ့ ဆက်နွယ်ပါတယ်။ အပင်ကြီးထွားနှုန်းနည်းပါးလာခြင်းနှင့်အမျှ အပင်များ လိုအပ်သော nutrient စုပ်ယူခြင်းဟာလည်း နှေးကွေးလာပါတယ်။ ၄င်းအချက်ကြောင့် အပင်တွေ လိုအပ်တဲ့  nutrient တွေကို ငါးအညစ်အကြေးများနဲ့ အစာအကျွင်းအကျန်များမှ ရရှိယုံဖြင့် လုံလောက် ပါတယ်။ ရေရှည်မှာတော့ ငါးအညစ်အကြေးနဲ့ အစာအကျွင်းအကျန်များမှ ထွက်ရှိသော N,P,K (နိုက်ထရိုဂျင်၊ ဖော့ဖောရပ်၊ ပိုတက်စီယမ်) များ လိုအပ်သောအချိုးအစားနှင့် သွေဖယ်ပြီး nutrient မမျှတမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထိုအချက်ကြောင့် အချို့အပင်များ ပုံမှန်ထက်သေးငယ်လာခြင်း၊ အပင်ရှင်သန်ရန် ခက်ခဲလာခြင်းများဟာ တလွဲမသွေကြုံလာရမှာပါပဲ။ နောက်ဆုံးကန်ဖျက်ရသည် အထိ ဖြစ်လာနိုင်ပါတယ်။
                        ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ ၁ပါတ် သို့မဟုတ် ၂ပါတ် ၁ကြိမ် N,P,K အပင်အားဆေးကို အနည်းငယ်ထည့်ထည့်ပေးဖို့လိုအပ်ပါတယ်။ အပင်အားဆေး ထည့်ခြင်း ကြောင့် nutrient များလာခြငး်ကို ကာကွယ်ရန်၊ ၂လလျှင် ၁ကြိမ် တိိုင်းတာပြီး မလိုအပ်သော N,P,K ကို မထည့်ဖို့လိုအပ်ပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ တိုင်းတာခြင်းမရှိပဲ အပင်အားဆေးထည့်ပေးလျှင် အပင်များ လိုအပ်သော nutrient ကန့်သတ်ချက်မရှိပဲ ဆက်လက် ကြီးထွားနေမှာပဲ။
                        အရေးကြီးတာတစ်ခုကတော့ N,P,K မြင့်တက်လာခြင်းဟာ algae ကိုဖိတ်ခေါ်ခြင်းနှင့် မသက်ဆိုင်ပါဘူး။ Tom ဟာ ဒီအကြောင်းအရာကို အသေအချာစမ်းသပ်ပြီး လုံးဝမှန်ကန်မှုမရှိကြောင်း ချပြခဲ့တာပါ။ တဖက်မျာလည်း Ammonia (ရေလည်ပတ်မှု နည်းပါခြင်း၊ အပင်အရွက်အဆွေးများ၊ ငါးများလွန်စွာများပြားခြင်း၊ အပင်များနည်းပါးနေခြင်း)နှင့် CO2 level ကျဆင်းခြင်း (algaes များစတင် တွေ့မြင်လာရခြင်း) များကြောင့် algae များကို ကြီးထွားခြင်းကို အားပေးပါတယ်။ Low tech tank တွေမှာ low CO2 ကြောင့် အပင်နဲ့ algae ကြီးထွားနှုန်းနည်းပါတယ်။ အလင်းအားနည်းခြင်း (low light levels) နှင့် nutrients ကန့်သတ်ချက်မရှိခြင်းကို အပင်များက algae များကို ပွားများခြင်းကို ထိန်းချုပ်နိုင်ပါတယ်။ ထို့ကြောင့် မိမိကန်ထဲမှာ အပင်များ များပြားစွာစိုက်ထားခြင်းဖြင့် Ammonia များထွက်ပေါ်လာခြင်းအပေါ် ချေဖျက်ပေးနိုင်ပါတယ်။ ထို့ကြောင့် algae ဖြစ်ပေါ်လာခြင်း အပေါ်ထိန်းချုပ်ထားနိုင်ပါတယ်။

၃။ သတိထားရမည့် အချက်များ
                        Lighting ကို အမြင့်ကြီးမထားပါနှင့်။ CO2 နည်းပါးတဲ့ကန်ထဲမှာ Lighting များနေခြင်း ဟာ aglae ဖြစ်ပေါ်လာမှုကို အားပေးအားမြှောက်လုပ်ပါတယ်။ Lighting များပြီး CO2 နည်းပါးခြင်း ကြောင့် aglae များဟာ အပင်များထက် ပိုမိုရှင်သန်ပေါက်ဖွားလာကြပါတယ်။ ထို့ကြောင့် algae များလာလျှင် တော်တော်များများဟာ lighting ကိုလျော့ချကြတာ့ပါ။
                        ရေလဲလျှင် အကုန်မလဲပါနှင့်။ ဘာကြောင့်လဲဆိုတော့ လဲလှယ်မည့်ရေထဲမှာ ပါဝင်တဲ့ CO2 ပျော်ဝင်မှုဟာ မတူညီခြင်းကြောင့်ပါပဲ။ CO2 မတူညီပဲ အတက်အကျပြောင်းလဲခြင်းတွေကြောင့် aglae ဖြစ်ပေါ်လာမှုကို အားပေးအားမြှောက်ဖြစ်စေပါတယ်။ ရေလုံးဝမလှယ်ပဲ ရေငွေ့ပျံသွားတဲ့ ရေပမာဏကိုပဲ ထပ်ဖြည့်ပေးလို့ရပါတယ်။ (သတိထားရမည့်အချက်မှာ ရေလုံးဝမလဲပဲ ထားခြင်းဟာ အပင်အမြောက်အများ ထည့်ထာားတဲ့ ကန်နဲ့သာ သင့်လျှော်ပါတယ်။ အကယ်လို့ သင့်ကန်ဟာ အပင်အရေအတွက်နည်းပါးနေမယ်ဆိုရင်တော့ ၁ပါတ်ကို ရေ ၂၅ ရာခိုင်နှုန်းပဲ လဲလှယ်ပေး သင့်ပါတယ်။ ရေလုံးဝမလှယ်ပဲထားတာဟာ အပင်အရည်အတွက်များများ ရှင်သန်နေတဲ့ အသားကျပြီး ပုံမှန် အပင်အားဆေးထည့်ပေးနေတဲ့ ကန်နဲ့သာ သင့်လျှော်ပြီး အပင်များမှ ရေရဲ့ အရည်အသွေးကို ထိန်းညှိပေးထားနိုင်မှာပါ။ ရေလဲလှယ်ခြင်းကြောင့် algae များ ပေါက်ဖွားလာခြင်း၊ အပင်နည်းပါးခြင်း ကြောင့် ammonia/nitrite level မြင့်တက်လာခြင်းဟာ ငါးများရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။) အပင်ကန်မြေကြီးထဲမှ အပင်များ ဆွဲနှုတ်ပြီး အပင်များ နေရာပြန်ချပြီးရင်တော့ ရေကို ၆၀ သို့မဟုတ် ၇၀ ရာခိုင်နှုန်းလဲလှယ်ပေးရပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေကြီး(substrate) ထဲမှ အပင်များ ဆွဲနှုတ်ခြင်းကြောင့် ထွက်လာတဲ့ ammonia နဲ့ အဆိပ်အတောက်တွေကို လျော့ချလိုက်တာပါ။ အပင်များအမြစ်မှ ဆွဲနှုတ်ပြီး နေရာပြန်ချခြင်းကို ၃လမှ ၆လအတွင်း ၁ကြိမ်သာ ပြုလုပ်သင့်ပါတယ်။




၄။ Low Tech Planted Tank (Non CO2) ဘယ်လိုဆင်မလဲ
၄.၁ Substrate (မြေဆီလွှာ)
                        အပင်ကန်စဆင်တော့မယ်ဆိုရင် မြေဆီလွှာမှန်ကန်စွာ ရွေးချယ်ဖို့လိုအပ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အလုံးလေးများဖြင့် ရေများခိုဝင်နေနိုင်သော မြေဆီလွှာကို ရွေးချယ်သင့်ပါတယ်။ ဥပမာအားဖြင့် Flourite, Eco-complete, Onyx-sand စတာတွေဟာ ဒီနည်းစနစ်အတွက် အသင့်လျှော်ဆုံးပါပဲ။ အကြံပြုချင်တာကတော့ ကာဗွန်ဓါတ်ပါတဲ့ မြေဆီလွှာ (သစ်ရွက်ဆွေးများ ရောနေသော ရွှံမြေ) အနည်းငယ်ကို ကန်အောက်ခြေမှာ ထည့်ထားပေး စေချင်ပါတယ်။ Leonardite လို့ခေါ်တဲ့ မြေဆီလွှာမျိုးပါပဲ။ Diamond Black ဆိုတဲ့ brand ဟာ အသုံးများပါတယ်။ သဘာဝမှ ရရှိသော မြေဆီလွှာထက်ဆိုင်ရင် အဆိုပါ Diamond Black ဝယ်ယူ အသုံးပြုခြင်းဟာ အပင်များ အမြစ်မှဆွဲနှုတ်ပြီး နေရာပြန်ချတဲ့အချိန်မှာ pH level လျော့ချခြင်းကို လျော့နည်းစေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အသားကျပြီးသားကန်ထဲမှ မြေဆီလွှာနည်းငယ်နှင့် filter ကို အသုံးပြုပေးခြင်းဖြင့် ကန်အသစ်ရဲ့ မြေဆီလွှာမှာ ကောင်းကျိုးပြု bacteria ပေါက်ဖွားမှု ပိုမိုမြန်ဆန်စေ ပါတယ်။
                        အချို့ကတော့ မြေကြီးပါဝင်တဲ့ မြေဆီလွှာများကို ပိုမိုနှစ်သက်ကြပါတယ်။ သတိပြုရမှာ ကတော့ ယင်းမြေဆီလွှာမှ ရရှိလာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေပါပဲ။ အဓိကပြဿနာကတော့ မိမိ အသုံးပြုထားတဲ့ မြေဆီလွှာထဲမှာ ဘာတွေရောနှောနေမလဲ မသိနိုင်တာပါပဲ။ မြေဆီလွှာဟာ အဆိပ် အတောက်တွေ ကပ်ပါးပိုးတွေနဲ့ ရောနှောနေနိုင်လို့ပါပဲ။ တစ်ချို့မြေဆီလွှာများဟာလည်း ရေနဲ့ ထိတွေ့ မိတဲ့ အချိန်ကြာလာတာနဲ့ ammonia များစွာထွက်လာတတ်လို့ပါပဲ။ ဒါဟာ algae ဖြစ်ပေါ်မှုကို အားပေးပြီး ငါးများကို နာမကျန်းဖြစ်စေပါတယ်။ မြေဆီလွှာဟာ အစက nutrient ကြွယ်ဝပေမယ့် အချိန်ကြာလာတာနဲ့ အပင်များ စုပ်ယူခြင်းကြောင့် နည်းပါးလာပါတယ်။ ထို့ကြောင့် အပင်အားဆေးကို ထပ်ထည့်ပေးဖို့လိုပါတယ်။ ခြုံကြည့်မယ်ဆိုရင် မြေဆီလွှာဟာ အပင်ကန်အတွက် အရေးပါတဲ့ တစ် စိတ်တစ်ပိုင်းပါပဲ။ ရွေးချယ်စရာတွေလည်း များသလို မရွေးချယ်ခင်မှာလဲ အတွေ့အကြုံရှိသော လူများ ထံမှ အကြံအဉာဏ်တွေ တောင်းဖို့လိုအပ်ပါတယ်။ အရေးကြီးဆုံးက သဘာဝမှရတဲ့ မြေဆီလွှာကို သုံးမယ့်သူတွေအတွက် ရရှိလာနိုင်တဲ့ ဆိုးကျိုးတွေကို ကာကွယ်ရန် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ် ပါတယ်။
မှတ်ထားရန် - အကယ်လို့များ low tech အတွက် Aquasoil (AS) Amazonia by ADA ကို အသုံးပြု မယ်ဆိုရင်တော့ ADA soil ကို အရင် ရေဖြင့်ဆေးကြောပြီး first cycle လုပ်ထားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ADA soil ဟာ low tech မှာ CO2 နည်းပါမှုနဲ့ ရေလဲလှယ်မှုပြဿနာကြောင့် algae ပို ဖြစ်နိုင်လို့ပါပဲ။ AS ဟာ အပင်ကန်အတွက် nutrient အကြွယ်ဝဆုံး မြေဆီလွှာပါပဲ။ ထုပ်ပိုးစစဉ် ကတည်းက သဘာဝ မြေဆီလွှာတွေထက် nutrient ပြည့်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် low tech တွေမှာ အပင်အားဆေး ထည့်စရာတောင်မလိုပါဘူး။ ဒါပေမယ့် အချိန်ကြာလာတဲ့ အခါမှာ တော့ အပင်အားဆေး အနည်းငယ် စထည့်ဖို့ လိုအပ်လာပါတယ်။
၄.၂။ အလင်း
                        အလင်းပေးမှုဟာ အပင်ကန်တိုင်းအတွက် လွန်စွာမှ အရေးကြီးလှပါတယ်။ အပင်များ အတွက်တော့ အစားအစာ (အစာချက်ခြင်း) ဟာ အလင်းနဲ့ CO2 ပါပဲ။ Low tech တွေမှာ CO2 မပေးသည့်အတွက် အလင်းပေးမှုကို သေချာစနစ်တကျပြုလုပ်ဖို့လိုပါတယ်။ အလင်းအများကြီး အကြာကြီးပေးခြင်းဟာ သင့်အပင်ကို လျှင်မြန်စွာ ကြီးထွား ရှင်သန်လာမယ်ထင်ရင် ဒါဟာ အမှား တစ်ခုပါပဲ။ ဒီလို အလင်းအများအပြားနှင့် အချိန်ကြာမြင့်စွာပေးခြင်းဟာ algae ဖြစ်ပွားမှုကိုသာ အားပေးပြီး အပင်များအတွက်တော့ ဘာအထောက်အကူမှ မဖြစ်ပါဘူး။ ယေဘုယျ အားဖြင့်တော့ 1.5 Watts per gallon (ရေ ၁ဂါလံကို မီး ၁.၅ ဝပ်) ပေးတာ အသင့်တော်ဆုံးပါပဲ။ Low tech အတွက် ဘယ်တော့မှ ၁ဂါလံကို ၂ ဝပ်ထက် ပိုမပေးမိပါစေနဲ့။ မှတ်ထားရမှာတစ်ခုက အခုပြောနေတဲ့ Watts ဟာ Fluorescent မီးသီးအတွက်ပါ (Incandescents မီးသီး မဟုတ်ပါ၊ လျှပ်စစ်ဆိုင်တွင် မေးဝယ်လို့ ရပါတယ်။) တစ်ခါတစ်လေမှာ တစ်ချို့မီးသီးတွေဟာ အရည်အသွေးမကောင်းသောကြောင့် ၁ဂါလံကို ၂-၂.၅ ဝပ် အထိပေးရတာမျိုးလည်းရှိပါတယ်။ T5 မီးချောင်းကိုလည်း အသုံးပြုနိုင်ပါတယ်။ T5 မီးချောင်းဟာ အပင်ကန်အတွက် အကောင်းဆုံး အလင်းကို ပေးနိုင်ပါတယ်။ အကယ်လို့များ မီးသီးပဲ အသုံးပြုမယ်ဆိုရင်တော့ 6500 K ရှိတဲ့ မီးသီးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
                        အပင်ကန်စဆင်တော့မယ်ဆိုရင် ကန်ကို တစ်နေ့ကို ၆နာရီသာစပေးထားသင့်ပါတယ်။ ၂ပါတ်လောက်ကြာရင်တော့ တစ်နေ့လျှင် ၈နာရီမှ ၉နာရီအထိပေးနိုင်ပါတယ်။ အဲ့ထက်တော့ ပိုပေးဖို့ မသင့်လျှော်ပါဘူး။ အကောင်းဆုံးကတော့ Timer လေးဝယ်ပြီး အလင်းပေးချိန် အတိအကျချိန် ထားဖို့သင့်လျှော်ပါတယ်။ မဟုတ်ပဲ အလင်းပေးချိန်ကို ဒီနေ့ ၁ဝနာရီပေးပြီး နောက်နေ့ ၆နာရီပေး လိုက်တယ်ဆိုရင်တော့ ဒါဟာ algae ဖြစ်ပေါ်မှုကို အားပေးပြီး အပင်ရဲ့ အစာချက်ချိန်များကို ကတောက်ကစ ဖြစ်စေပြီး ရှင်သန်ကြီးထွားမှုကို အဟန့်အတား ဖြစ်စေပါတယ်။


၄.၃။ အပင်စိုက်ပျိုးခြင်း
                        ဒါဟာအရမ်းအရမ်းကို အရေးကြီးပါတယ်။ အပင်ကို ကောင်းစွာစိုက်ပျိုးတတ်ဖို့ လို ပါတယ်။ ကောင်းစွာစိုက်ပျိုးတတ်ခြင်းဆိုတာ အပင်စိုက်ပျိုးပြီးချိန်မှာ အပေါ်မှ ကြည့်လျှင် အပင်ကန်ရဲ့ ၁ဝကနေ ၁၅ရာခိုင်နှုန်း လောက်သော မြေဆီလွှာကို မြင်သင့်ပါတယ်။ ဆိုလိုတာကတော့ အပင်များ မြေဆီလွှာကို အပြည့်နီးပါး ဖုံးလွှမ်းနေဖို့ပါ။ ဒီလိုလုပ်နိုင်ဖို့အတွက် အတွေ့အကြုံရှိဖို့တော့လိုပါတယ်။ စျေးသက်သာပြီး အလျှင်အမြန်ကြီးထွားနိုင်တဲ့ အပင်မျိုးကို ရွေးချယ်ဝယ်ယူပြီး မြေဆီလွှာထဲ ထိုးစိုက် ထားရပါမယ်။ အပင်ကန်မှ အပင်ရဲ့ ၅ဝရာခိုင်နှုန်းစာ လျှင်မြန်စွာကြီးထွားနိုင်တဲ့ အပင်မျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ ထိုအပင်များမှာ မြေဆီလွှာမှ nutrient များကို ကောင်းစွာစုပ်ယူပြီး ငါးအညစ်အကြေးများနှင့် အပျက်အစီးများမှ ထွက်ရှိလာသော ammonia များ ချေဖျက်ကာ ကန် အသားကျ လာစေရန် ကူညီပေးပါတယ်။ အပင်များအားလုံး ရှင်သန်ကြီးထွားလာပြီဆိုရင်တော့ လျှင်မြန်စွာကြီးထွားတဲ့ အပင်များ နှုတ်ယူကာ မိမိစိုက်ပျိုးချင်တဲ့ အခြားအပင်များနှင့် အစားထိုး စိုက်ပျိုးနိုင်ပါပြီ။ အပင်များ အများအပြားနှုတ်ယူပြီး ပြောင်းလဲခြင်းကြောင့် အသားကျနေသော အပင်ဂေဟစနစ် အပြောင်းအလဲဖြစ်ပြီး algae ဖြစ်နိုင်သောကြောင့် ဖြေးဖြေးချင်းဆီသာ ပြောင်းလဲဖို့ သင့်လျှောပါတယ်။ ဒီနည်းအတိုင်းလိုက်နာနိုင်ရင်တော့ ရေရှည်မှာ algae ကင်းစင်တဲ့ အပင်ကန်လေး ဖြစ်လာမှာပါ။








၄.၄။ Filter
                        Filter ရွေးချယ်ရာမှာလည်း ရေလဲလှယ်နှုန်း ကောင်းမွန်တဲ့ဟာမျိုးရွေးချယ်ဖို့ လိုအပ် ပါတယ်။ (ရေလဲလှယ်နှုန်းဟာ ၁နာရီလျှင် မိမိ ကန် ရေပမာဏထက် ၁ဝဆမှ ၁၅ဆအထိ ရှိရပါမယ်။) Filter မှ ရေပြန်ထွက်လာတာကလည်း ကန်တလျှောက်ရေလည်မှု အကောင်းဆုံးနေရာမှ ထားရှိဖို့ လိုအပ်ပါတယ်။ ရေလည်ပတ်မှုကောင်းခြင်းကြောင့် nutrient များ ရေထဲသို့ တူညီစွား ပျံနှံ့စေပြီး algae ဖြစ်ပေါ်စေမှုကိုလည်း ဟန့်တားပေးစေနိုင်ပါတယ်။ Canister filter ကတော့ အပင်ကန်အတွက် အသင့်တော်ဆုံးပါပဲ။ အပင်ကန်သမားအချို့ဟာ ကျောက်မီးသွေး ပါတဲ့ အပိုင်းကို ဖြုတ်သုံးကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကန်ထဲက nutrient တွေကို ကျောက်မီးသွေးက စုပ်ယူထားလို့ပါပဲ။ ဖြစ်နိုင်မယ် ဆိုရင် အသားကျပြီးသား ကန်ထဲမှ ကျောက်ဂွမ်းနဲ့ အခြား bio-media တွေကို bacteria အလျှင်အမြန် ပေါက်ဖွားရန် ၂ပါတ်ခန့် အသုံးပြုသင့်ပါတယ်။
၄.၅။ ငါး
                        အပင်ကန်ကို စစင်ပြီး ၂ပါတ်အကြာမှာတော့ သင့်ကန်ထဲက အပင်တွေ ဘယ်လောက် အသားကျပြီး ကြီးထွားနေလည်းဆိုတာကို ကြည့်ရပါမယ်။ ပြီးတော့ ရေ ကွာလတီလည်း တိုင်းတာဖို့ လိုအပ်ပါတယ်။ ဒီအခြေအနေမှာတော့ သင်ဟာ အပင်တွေ ထူပြောစွာ စိုက်ပျိုးထားတယ်ဆိုရင်တော့ algae စားတဲ့ ကောင်လေး ၂ကောင်လောက် စောစီးစွာ ကြိုထည့်ထားလို့ရပါတယ်။ Algae စားတဲ့ကောင်လေးတွေဟာ ရေရှည်မှာ သင့်ကန်ကို algae ကင်းစင်ပြီး အစက်အပြောက်လေးတွေ ကင်းဝေးစေမှာပဲ ဖြစ်ပါတယ်။ Otos လေးတွေဟာ algae စားတဲ့ ငါးတွေထဲကမှ အသင့်တော်ဆုံး အကောင်းဆုံးမျိုးတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် SAE ငါးမျိုးလေးတွေနဲ့ ပုစွန်များစသည့် algae စားတဲ့ကောင်လေးတွေ ထည့်ပေးလို့ရပါတယ်။ တစ်ချို့က တော့ ကန်တည်ငြိမ်တဲ့အထိ မစောင့်နိုင်ပဲ ငါးတွေထည့်တတ်ကြပါတယ်။ အပင်ကန်များဟာ မတည်ငြိမ်ခင်မှာ ရေလည်ပါတ်မှုနှင့် အပင်များ ကောင်းမွန်စွာ အစာမချက်နိုင်သေးခင် ammonia များ ကန်အတွင်းတွင် ပျံ့နှံ့နေတတ်ပါတယ်။ ဒါဟာ ငါးများရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ပုံမှန်ကတော့ ၂ပါတ်ကနေ ၃ပါတ်အတွင်းမှာ အပင်များ ကောင်းစွာ ရှင်သန်ကြီးထွားလာပြီး အမြစ်တွယ်နေပြီ ဆိုရင်တော့ ငါးစတင်ထည့်လို့ရပါပြီ။ ငါးထည့်လျှင်လည်း အများကြီး တစ်ခါတည်းမထည့်ဖို့ လိုအပ်ပါတယ်။ ၂ပါတ်ခြားတစ်ကြိမ် ထပ်ထည့် ပေးလို့ရပါတယ်။ အများကြီး တစ်ခါတည်းထည့်ရင် ငါးအညစ်အကြေးနှင့် အစာအကြွင်းအကျန်မှ ammonia များ များစွာထွက်လာပြီး အသားကျနေတဲ့ အခြေအနေ တစ်ခုမှ ရုတ်တရက်ပြောင်းလဲသွား မှာဆိုးလို့ဖြစ်ပါတယ်။

No comments:

Post a Comment

Heteranthera Zosterifolia

 Heteranthera Zosterifolia Type                 :         Stem,(Middle,Background) Growth Rate     :        Medium  Height               :  ...