Friday, February 28, 2020

အပင်ကန်တကန် စတင်ဆင်ဖို့ ဘာတွေ လိုမလဲ❓

ရေအောက်အပင်ကန်လေးတွေကိုစိတ်ဝင်စားလို့ စတင်လေ့လာချင်တဲ့ ဝါသနာရှင်အသစ်တွေအတွက် ဘာတွေ ပြင်ဆင်ရမလဲ ဆိုတာလေးတွေကို အသေးစိတ်ရေးပေးပါ့မယ်။

အပင်ကန်တကန် စတင်ဆင်ဖို့ ဘာတွေ လိုမလဲ❓
                         ဘာတွေလိုမလဲ ဆိုတာ မပြောပြခင် အရေးအကြီးဆုံး ဖြစ်တဲ့ အခြေခံ လေးတခုကို အရင်ပြောပြချင်ပါတယ်။

အပင်လေးတွေ အကြောင်းပါ။
အပင်လေးတွေ ဘယ်လိုရှင်သန်နေထိုင်ကြလဲ ဆိုတာ အရင်လေ့လာဖို့လိုအပ်ပါတယ်။ အပင်လေးတွေဟာ တခြား သတ္တဝါတွေလို အစားအစာကို ရှာဖွေ စားသောက်စရာမလိုပဲ လိုအပ်တဲ့အစာကို ကိုယ့်ဟာကိုယ်အစာထုတ်လုပ်နိုင်စွမ်းရှိပါတယ်။ ဒီအချက် က အရမ်းကိုအရေးကြီးပါတယ်။ သူတို့ဘယ်လို ထုတ်လုပ်တာလဲ? အလင်းရောင်ကို အသုံးပြုပြီး ရှင်သန်ဖို့လိုအပ်တဲ့အစာကို ကိုယ်တိုင်ထုတ်လုပ်ပါတယ်။ (ဒီအချက်လေးကို ပြောပြချင်တာပါ အသေးစိတ်သိချင်ရင် Google မှာ Photosynthesis ဆိုပြီး ရှာကြည့်ပါ။ဆက်ရှင်းနေရင် လိုရင်းမရောက်တော့မှာ စိုးလို့ပါ။) :)

အဲဒီတော့ အပင်ကန်လေး တကန်လုပ်ဖို့ အတွက် အရေးအကြီးဆုံး လိုအပ်တာကတော့ ကိုယ်လိုချင်တဲ့ အပင်လေးတွေ ရှင်သန်ဖို့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ဆိုတာလေးကိုလဲ ပြန်လည်ရှင်းပြပေးချင်ပါတယ်။ ဥပမာ - ပိုလာဝက်ဝံ လေးတကောင် မွေးမယ်ဆိုပါစို့။ အဲဒါဆို အဲဒီ ပိုလာဝက်ဝံလေးကိုခေါ် မမွေးခင် သူနေထိုင်ဖို့ သူ့ရဲ့ သဘာဝနဲ့ ကိုက်ညီမယ့် ပတ်ဝန်းကျင်လေးတခုကို ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒါမှ သူရှင်သန်နိုင်မှာဖြစ်ပါတယ်။

အပင်ကန်လေးတွေလဲ ဒီလိုပါပဲ ကိုယ်ကြိုက်နှစ်သက်တဲ့ အပင်လေးတွေကို ကိုယ့်ရဲ့ အလှမှန်ကန်လေးတွေထဲမှာ သဘာဝလို ရှင်သန်ပေါက်ဖွား နေစေဖို့ အပင်လေးတွေရဲ့ သဘာဝနဲ့ ကိုက်ညီမယ့် ပတ်ဝန်းကျင်လေးတခုကို ကြိုတင်ပြင်ဆင်ထားပေးဖို့ အရမ်းအရေးကြီးပါတယ်။

အသေးစိတ်ထပ်ရှင်းပြပါမယ် ဘာတွေပြင်ဆင်ရမလဲ ဆိုတာ -

✅Lighting
            အပင်လေးတွေ ရှင်သန်ဖို့ အလင်းရောင်က အရမ်းကိုအရေးကြီးပါတယ်။ အဲဒီတော့ အပင်ကန်အတွက် Lighting ကို Panasonic မီးလုံး (သို့မဟုတ်) Aquazonic T5 (သို့မဟုတ်) စမ်းသပ်ပြီး ဖြစ်ထွန်းသောကန်တွေမှာ အသုံးပြုတဲ့ LED Lighting တွေထဲကမှ ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

✅Filter
           အပင်ကန်လေးတွေက ဇီဝစက်ဝန်းကို အခြေခံပြီးတည်ဆောက်တာဖြစ်လို့ အကျိုးပြု ဘတ်တီးရီးယားများ ရှင်သန်ပေါက်ဖွား ပတ်ဝန်းကျင်ကိုလဲ ဖန်တီးတည်ဆောက်ပေးဖို့လိုအပ်ပါတယ်။ ထို့ကြောင့် အကျိုးပြု ဘတ်တီးရီးယားများ ကောင်းမွန်စွာ ရှင်သန်ပေါက်ဖွားအောင် Support လုပ်ပေးမယ့် ရေသန့်စင်စက် အမျိုးအစားကို မှန်ကန်စွာ ရွေးချယ်အသုံးပြုဖို့လိုအပ်ပါတယ်။ Hang On Filter အမျိုးအစား နှင့် Canister Filter အမျိုးအစားတွေက အကျိုးပြုဘတ်တီးရီးယားများ ရှင်သန်ပေါက်ဖွားလာဖို့ ပတ်ဝန်းကျင်ကို အထူးပြု တည်ဆောက်ထားတဲ့ Filter အမျိုးအစားတွေ ဖြစ်လို့ အပင်ကန်အတွက် သင့်တော်သော Filter အမျိုးအစားတွေဖြစ်ပါတယ်။
         
✅Soil (မြေဆီ)
                   လှပပြီး အရောင်အသွေးစုံလင်လှတဲ့ အပင်မျိုးစိတ်အစုံ ကျန်းမာသန်စွမ်းပြီး ရှင်သန်ပေါက်ဖွားနိုင်ဖို့ ကောင်းမွန်တဲ့ မြေဆီမြေနှစ်က ဒုတိယ အရေးအကြီးဆုံးဖြစ်ပါတယ်။ အပင်ကန်လေးတွေထဲမှာ အပင်စိုက်ပျိုးပြီးပြီဆိုလျှင် မြေဆီထပ်ဖြည့်ဖို့ မလွယ်ကူတော့ပါ။ ထို့ကြောင့် မဆင်ခင်ကတည်းက သေချာ ဆုံးဖြတ်ပြီး ကောင်းမွန်တဲ့ မြေဆီမြေနှစ်ကို အသုံးပြုထားမှ ရေရှည်မှာ Nature Selection ရဲ့ အရသာကိုခံစားရမှာဖြစ်ပါတယ်။
                 
( အပင်ကန် တကန်မှာ Selection 2 ပိုင်းရှိပါတယ်။ Human Selection နှင့် Nature Selection ဆိုပြီး တော့ပါ။ Human Selection ကိုရှင်းပြပေးပါ့မယ်။ ကျွန်တော်တို့ နေရာချ စိုက်ပျိုးတာ မှန်သမျှ Human Selection ပါ။ Nature Selection ကတော့ ကျွန်တော်တို့ စိုက်တာ ထားထားတာ မျိုးမဟုတ်ပဲ သူ့ သဘာဝအလိုလို ပေါ်ပေါက်လာတာမျိုးကို Nature Selection လို့ ခေါ်ပါတယ်။လူတွေ ဘယ်လောက်ကောင်းအောင်ပဲစိုက်စိုက် Nature Selection ကို မမှီနိုင်ပါ။)
မြန်မာနိုင်ငံ အပင်ကန်ဈေးကွက်မှာ အကောင်းဆုံး မြေဆီမြေနှစ်အဖြစ်ရရှိနိုင်တာကတော့ ADA Soil ဖြစ်ပါတယ်။

✅CO2 (ကာဗွန်ဒိုင်အောက်ဆိုဒ်)
                                         အပင်တွေ ကိုယ်တိုင်အစာထုတ်လုပ်ရာမှာ လိုအပ်တဲ့ ဓာတ်ကူပစ္စည်းကတော့ Co2 ပဲ ဖြစ်ပါတယ်။ အပင်တွေရဲ့ ကျန်းမာသန်စွမ်းရေးနှင့် အရောင်အသွေး စိုပြည်လာစေရေးအတွက် Co2 က မဖြစ်မနေလိုအပ်ပါတယ်။

✅စိတ်ရှည်မှု
               အပင်လေးတွေက သက်ရှိအပင်လေးတွေဖြစ်လို့ ရှင်သန်ကြီးထွားဖို့ အချိန်လိုအပ်ပါတယ်။ ထို့ကြောင့် စိတ်ရှည်ခြင်းကို ကြိုတင်ပြင်ဆင်ထားဖို့အရေးကြီးပါတယ်။ တကယ်စိတ်ရှည်မှသာ Nature Selection ရဲ့ အရသာကိုခံစားရမည်ဖြစ်ပါသည်။ :p

ကဲ ဒီလောက်ဆို သိသင့်သိထိုက်တာလေးတွေတော့ စုံစုံလင်လင်သိသွားလိမ့်မယ်လို့ယုံကြည်ပါတယ်။ တခုခု ထပ်သိချင်တာလေးတွေရှိရင်လဲ Green Nature သို့ လူကိုယ်တိုင် လာရောက် လာလည်ပြီးအသေးစိတ်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ :)

No comments:

Post a Comment

Heteranthera Zosterifolia

 Heteranthera Zosterifolia Type                 :         Stem,(Middle,Background) Growth Rate     :        Medium  Height               :  ...